သမီးအရင်းကို အိပ်ဆေးတိုက်ပြီး ကားပေါ်၌ မီးရှို့သတ်ခဲ့သော မိခင်
မိခင်တစ်ဦးသည် သူမ၏သမီးအရင်းကို အိပ်ဆေးများတိုက်ပြီး မီးရှို့သတ်ဖြတ်ခဲ့သောကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်ဖွယ်ရှိနေသည်။
လာရာခေါင်ဝက်အမည်ရှိ အမျိုးသမီးသည် သူမ၏ အသက် ၉ နှစ်အရွယ် သမီးအရင်း အမ်ဘာကို အိပ်ဆေးများ တိုက်ကျွေးပြီး ကားအတွင်း၌ လော့(ခ်)ချပြီး မီးရှို့ သတ်ဖြတ်ခဲ့သည်။ တရားရုံးက သမီးဖြစ်သူအုပ်ထိန်းစောင့်ရှောက်ခွင့်ကို ခင်ပွန်းဟောင်းဖြစ်သူအား အပြည့်အ၀ပေးအပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၅၀ အရွယ် လာရာသည် သူမထံသို့ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွင် လာရောက်လည်ပတ်သော အမ်ဘာကို ကယ်လ်ဂေရီမြို့ အနောက်ပိုင်း မိုင် ၆၀ အကွာထိ ကားဖြင့် ခေါ်ဆောင်သွားပြီး လမ်း၌ အိပ်ဆေးများကို ဖြားယောင်းတိုက်ကျွေး ခဲ့ပြီး အိပ်ပျော်သွားချိန်တွင် ကားကိုမီးရှို့ခဲ့သည်။
ထို့အပြင် သူမသည် ကားတံခါးမှာ လော့(ခ်)ကျနေကြောင်းနှင့် ယခုဖြစ်ရပ်မှာ မတော် တဆမှုသာဖြစ်ကြောင်း လုပ်ကြံရေးသားထားသောစာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ ကားမှာ ဆိုးရွားစွာ မီးလောင်ကျွမ်းခြင်းမရှိသော်လည်း အမ်ဘာမှာ မီးခိုးမွှန်မှုကြောင့် သေဆုံးခဲ့ရသည်။ လာရာသည် သမီးဖြစ်သူ၏ မိခင်အပေါ် ချစ်ခင်ယုံကြည်မှုကို မနာလိုအမုန်းတရားများကြောင့် အလွဲသုံးစား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Court of Queen Beach က ယခုအမှုကို စစ်ဆေးနေပြီး လာရာ အနေဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်ဖွယ်ရှိသည်။
source ;tomorrow
