ပကာသနမရှိဘဲ ပရိသတ်ကိုကြမ်းပြင်ပေါ်ထိုင်ပြီးလက်မှတ်ထိုးပေးတဲ့ ဘီလီလမင်းလေး
အဖြစ်က ဒီလို !
(Billy အတွက် ပွဲစီစဉ်သူအမတွေက selfie ရိုက်ချိန် ၊
Sign ထိုးချိန်ကအစအားလုံးစနစ်တကျ စီစဉ်ထားပြီးသားပါ)
ဓာတ်ပုံရိုက်နေချိန်မှာ ဖန်တစ်ယောက်က ကောက်ကာငင်ကာ Sign ထိုးပေးပါဆိုတော့ တခြားလူတွေကပါ
အမှတ်တရဝိုင်းထိုးခိုင်းကြရော ၊
အဲတော့မတ်တပ်ရပ်နဲ့ပဲ ထိုးဖြစ်သွားတယ်
အစက နောက်ကျောအင်္ကျီ ၊ ဦးထုပ် ၊ ဖုန်း ၊ ပိုက်ဆံအိတ်တို့က အောက်ခံအမာသားဆိုတော့ ပြဿနာသိပ်မရှိဘူး ၊ ရုတ်တရက်ဆိုတော့ဘီလီပေါင်ပေါ်တင် ထိုးနေတယ် ၊
Fan တစ်ယောက်ရဲ့လက်ကိုင်ပဝါလေးထိုးတဲ့အခါမှာတော့ သူထိုးရတာအားမရလို့ထင်ပါတယ်
*ရုတ်တရက်ကြီး နေရာမှာတင် ဘာမပြောညာမပြော
ကုန်းကုန်းကြီး ဒူးတုပ်ထိုင်ချပလိုက်ရော*
ကျန်တဲ့လူတွေဘာပြောရမယ်မသိအတော်လေး ဟာခနဲ ဆွံ့အသွားတယ် ၊ မြင်ဖူးသလားဘယ်အနုပညာရှင်က အဲလောက် ပကာသနကင်းကင်း sign ထိုးပေးတာ
ကိုယ်တွေလဲအတော်ကြောင်သွားတယ် ၊ တကယ် ရှော့ခ်ပဲ ၊
သူကတော့ မော့ကိုမကြည့်တော့ဘူး ၊
လွတ်လွတ်လပ်လပ် သူ့အိပ်ရာပေါ်သူရောက်နေသလားတောင်ထင်နေလားမသိပါဘူး ၊အားရပါးရ ဒူးတုပ်ထိုင်ချပြီးကို
ထိုးနေတော့တာပါပဲ
Love You, Billy ! <3
Credit : Win Thant Thant Soe