adsterra

မိဘနှစ်ပါးရဲ့ကွာရှင်းစာချုပ် စုတ်ဖြဲသည့် သမီးအရင်းကို ဖခင်ဖြစ်သူက ရက်စက်စွာရိုက်နှက်

မိဘနှစ်ပါးရဲ့ကွာရှင်းစာချုပ် စုတ်ဖြဲသည့်
သမီးအရင်းကို ဖခင်ဖြစ်သူက ရက်စက်စွာရိုက်နှက်

မိဘနှစ်ပါးရဲ့ ကွာရှင်းစာချုပ်ကို စုတ်ဖြဲမိတဲ့အတွက် ကလေးငယ်ကို ဖခင်ဖြစ်သူက ရက်စက်စွာ ရိုက်နှက်ပြီး အိမ်အပြင်မှာ ကြိုးနဲ့ တွဲလောင်းချည် နှိပ်စက်ခဲ့ကြောင်း သိရပါတယ်။

အိမ်ထောင်ရေး အဆင်မပြေတော့လို့ ကွာရှင်တော့မယ် ဖခင်နဲ့ မိခင်ရဲ့ ကွာရှင်းစာချုပ်ကို အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်လေးက ဆုတ်ဖြဲမိခဲ့တာဖြစ်ပြီး အဲဒီအတွက် ဖခင်ဖြစ်သူရဲ့ ကြမ်းတမ်းစွာ အပြစ်ပေးခြင်း ခံခဲ့ရပါတယ်။ ဒီကလေးငယ်ဟာ မိဘနှစ်ပါးရဲ့ ကွာရှင်းစာချုပ်ကိုသာမက ဖခင်ရဲ့ အရက်ပုလင်းတစ်လုံးကိုပါ ကွဲအောင် လုပ်ခဲ့ပြီး ပရိဘောဂအချို့လည်း ပျက်စီးအောင် လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖခင်ဖြစ်သူက သူ့ရဲ့ကလေးငယ်ကိုရိုက်နှက်ကာ အိမ်အပြင်မှာ ကြိုးတွဲလောင်းချည်ထားတာကို ဗီဒီယိုဖိုင် ရိုက်ကူးပြီး ဇနီးဖြစ်သူထံ အင်တာနက်ကတဆင့် ပေးပို့ခဲ့တာပါ။ ဗီဒီယိုဖိုင်ကို ဇနီးဖြစ်သူ မြင်ခဲ့ပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့တဲ့အတွက် ရဲအရာရှိတွေက ကလေးငယ် အသက်အန္တရာယ် မထိခိုက်ခင် ကယ်တင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဂွမ်ယမ်မြို့က ကျန်ဂေးကောင်တီမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

ဖခင်ရဲ့ နှိပ်စက်မှု ခံရတဲ့ကလေးငယ်ဟာ ခန္ဓာကိုယ်ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရခင် ရဲအရာရှိတွေ ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကလေးငယ်ကို နှိပ်စက်ခဲ့တဲ့ ဖခင်ကိုတော့ ဖမ်းဆီးထားပြီးပြီဖြစ်ပြီး ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုကြောင့် အနည်းဆုံးထောင်ဒဏ်တစ်နှစ်နဲ့ အထက်ကျခံရဖွယ်ရှိနေပါတယ်။

Source & Photos : Mirror

Credit:Duwun

adsterra

Powered by Blogger.