ဝမ်းချုပ်လို့ အဟွာထဲ ငါးရှဥ့်ထိုးထည့်သူ အသက်ဘေးမှ သီသီလေးလွတ်ခဲ့ရ =======
ဝမ်းချုပ်လို့ အဟွာထဲ ငါးရှဥ့်ထိုးထည့်သူ အသက်ဘေးမှ သီသီလေးလွတ်ခဲ့ရ
===================================================
တရုတ်အမျိုးသားတစ်ဦးရဲ့ အစာအိမ်ထဲမှာ လှုပ်ရှားနေတဲ့ငါးရှဥ့်ကို ဆရာဝန်များက ဗိုက်ခွဲထုတ်ခဲ့ရတဲ့ ဗီဒီယိုဖိုင်ဟာ အင်တာနက်သုံးစွဲသူ များအကြား ရေပန်းစားနေကြောင်း The Mirror အရသိရပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်မှာ လူနာရဲ့အစာအိမ်ထဲကနေ ခွဲစိတ်ပြီး အဆိုပါငါးရှဥ့်ကို ညှပ်နဲ့ဆွဲထုတ်ရပုံကို ရိုက်ကူးထားတာပါ။
ငါးရှဥ့်ဟာလည်းအံ့အားသင့်ဖွယ်အသက်ရှင်ပြီး ဆွဲထုတ်စဉ်မှာ တွန့်လိမ်ရုန်း ကန်နေခဲ့ပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးငါးရှဥ့်ဗိုက်ထဲဝင်တဲ့ ၀မ်းချုပ်ဝေဒနာခံစားရတဲ့ ပုဂ္ဂိုလ်ကို ကုသခဲ့မှုလည်းဖြစ်ပါတယ်။
အဆိုပါ အသက် ၄၉ နှစ်အရွယ်တရုတ်အမျိုးသားဟာ ၀မ်းချုပ်တဲ့အတွက် မိမိဖင်ထဲကို ငါးရှဥ့်ထိုးသွင်းခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် ငါးရှဥ့်ဟာ ရုတ်တရက်အတွင်းပိုင်းထဲအထိ တိုးဝင်သွားပြီး အစာအိမ်နာကျင်တဲ့ဝေဒနာကို ခံစားခဲ့ရတာကြောင့် ဆရာဝန်တွေကို မီတာဝက်လောက်ဝင်သွားတဲ့ ငါးရှဥ့်ကို ဖယ်ရှားပေးဖို့အကူအညီ တောင်းခံခဲ့ရပါတော့တယ်။
အဆိုပါအမျိုးသားက မိမိဖင်ထဲ ငါးရှဥ့်ကိုမီဒီယာများအရှေ့မှာ ကိုယ်တိုင်သွင်းခဲ့ကြောင်းဝန်ခံခဲ့ပြီး မှားမှန်းသိပါပြီ လို့လည်း ၀န်ခံခဲ့တယ်လို့သိရပါတယ်။
အဆိုပါဖြစ်စဉ်အရ သူ့ရဲ့ ပန်ကရိယ ဟာလည်း ပြတ်ရှသွားတယ်လို့သိရပါတယ်။
Credit : Zaw Latt