မင်္ဂလာတောင်ညွန့်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ဧရာဝတီ၊ မေ ၁၀၊ ၂၀၁၇
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်းလမ်းတဝိုက်ရှိ လမ်းတခုအတွင်း ခိုးဝင် ဘင်္ဂါလီများရောက်ရှိဟုဆိုကာ ရဲတပ်ဖွဲ့နှင့် မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့ဝင်များက ည ၁၁ နာရီဝန်းကျင်၌ ၀င်ရောက်စစ်ဆေးစဉ် ရပ်ကွက်နေ မွတ်ဆလင်များနှင့်အချင်းများခဲ့သည်။
အခြေအနေများကို ထိန်းသိမ်းရင်း ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက် သတိပေးထိန်းသိမ်းခဲ့သည်။ လက်ရှိတွင် မင်္ဂလာတောင်ညွန့်ဈေးရှေ့ မြရာကုန်းလမ်းမတလျှောက်တွင် ရဲတပ်ဖွဲ့က ပိတ်ဆို့ ကာ လုံခြုံရေးယူလျက်ရှိသည်။ ထိခိုက်ဒဏ်ရာရ စာရင်းကို အတည်မပြုနိုင်သေးပါ။
ဓာတ်ပုံ- မျိုးမင်းစိုး / ဧရာဝတီ
Next New
မင်္ဂလာတောင်ညွန့် မြရာကုန်းရပ်ကွက်တွင် ခိုးဝင်ဘင်္ဂလီရှိသည်ဟုဆိုကာ ဝင်ရောက်ရှာဖွေ ရာကတဆင့် လူနှစ်ဦး အရိုက်ခံရ
==============================
မန္တလေး မေ ၁၀
မြေးချစ်ညို
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃လမ်း တွင် ခိုးဝင်ဘင်္ဂလီများရှိသည်ဟုဆိုကာ သံဃာ အချို့နှင့် မျိုးချစ်အင်အားစုများက ဝင်ရောက် ရှာဖွေရာမှတဆင့် လမ်းတွင်းရှိ လူနှစ်ဦးကို အသင့် ပါလာသည့် စတီးတုတ်ဖြင့်ရိုက်နှက်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရှိသူတစ်ဦးကို အတွင်းလူနာအဖြစ် ဆေးရုံသို့ပို့ခဲ့ရကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ NLD အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။
" ခိုးဝင်ဘင်္ဂလီရှိတယ်ဆိုပြီး သံဃာငါးပါးလောက်နဲ့ မျိုးချစ်အဖွဲ့တွေက လမ်းထဲဝင်ပြီးရှာကြတယ်
၊ သက်ဆိုင်ရာ လဝကနဲ့ မဝတမှူးတွေကဖြေရှင်း ပေးတာကို လက်မခံကြဘူး ခိုးဝင်တာမတွေ့တော့ အိမ်ထဲထိဝင်ရှာတော့ အစ်နေ့နွားလှီးတဲ့ဓား တွေ့တဲ့အခါ လက်နက်ရှိတယ်ဆိုပြီး လုပ်ကြ ပြန်တယ်" ဟု ၎င်း NLD အဖွဲ့ဝင်က Friday Times သို့ပြောသည်။
ဖြစ်စဉ်မှာ အင်္ဂါနေ့ည ၁၀နာရီဝန်းကျင်မှစတင်ကာ လူဦးရေတစ်ရာကျော်က စတင်ရောက်ရှလာပြီး ရပ်ကွက်ကို ဝိုင်းထားခဲ့ကြောင်း ၁၁နာရီ အကျော်တွင် ပြဿနာ စတင်ဖြစ်ပွားခဲ့ကြောင်း လမ်းလျှောက်လာသူနှစ်ဦးကို စတီးတုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း လာရောက်သည့်လူအုပ်စု ထဲတွင် အမျိုးသမီးများပါ ပါဝင်ကြောင်း မျက်မြင်တွေ့ရှိလိုက်ရသည့် NLD အဖွဲ့ဝင်က ဆိုသည်။
" ဟိုလူနှစ်ယောက်က သူတို့ဟာသူတို့ လမ်းကူး လာတာ အဲ့ဒီအချိန်မှာ ဝိုင်းရိုက်လိုက်ကြတာပဲ၊ ရဲတွေကတော့ ကားရှင်းနေတာတွေ့ရတာပဲ" ဟု ကိုယ်တွေ့ကြုံလိုက်ရသူကအတည်ပြု ပြောဆိုသည်။
အခင်းဖြစ်ပွားရာမြရာကုန်းရပ်ကွက်သို့ ရောက်ရှိနေသည့် သပြေကုန်းရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့များရောက်ရှိနေကြောင်း အခြေအနေ တည်ငြိမ်ကြောင်း ၊ လာရောက်သည့်အဖွဲ့များမှာ မည်သည့်အဖွဲ့အစည်းမှဟု မသိရကြောင်း Friday Times သို့ပြောကြားခဲ့သည်။
မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့အနေဖြင့် အသက်နှင့်ရင်းပြီး အလုပ်လုပ်နေရသောကြောင့် ဖုန်းဖြင့်မဖြေကြားနိုင်ကြောင်း လာရောက်ကြည့်ရှု နိုင်ကြောင်းသာ Friday Times ၏ ဆက်သွယ် မေးမြန်းချက်ကို တုန့်ပြန်ဖြေကြားခဲ့သည်။
Credit: Friday Time News Journal