လူချင်းဝေးနေသော်လည်း အသံလေးကြားရုံ၊ ရုပ်လေးမြင်ရုံနှင့်အားမရကြပဲထိတွေ့ချင်သည့် LDRS(Long Distance Relationships)များအတွက်ရည်ရွယ်ထားပါသည်။
လူချင်းဝေးနေသော်လည်း အသံလေးကြားရုံ၊ ရုပ်လေးမြင်ရုံနှင့်အားမရကြပဲထိတွေ့ချင်သည့် LDRS(Long Distance Relationships)များအတွက်ရည်ရွယ်ထားပါသည်။
စကားထောင်ပေါင်းများစွာပြောနေချင်းထက် အထိအတွေ့လေးတစ်ချက်ကနှလုံးသားကိုပိုနွေးထွေးစေသည်ဟုဆိုသည့် ချစ်သူများအတွက် HEY Smart bracelet(စမတ်လက်ကောက်)လေးကကူညီပေးမည်ဖြစ်ပါသည်။
ယင်းပစ္စည်းမှာလူသားများ၏ထိတွေ့မှုကို အသွင်တုဆောင်ပို့ပေးနိုင်သည့်ပထမဆုံးစမတ်လက်ကောက်ဖြစ်ပါသည်။
အထိအတွေ့ရစေရန် စိတ်အနှောင့်အယှက်ဖြစ်စေမည့်နည်းလမ်းမျိုးနှင့်မဟုတ်ပဲ ချစ်သူလက်ကိုကိုင်သကဲ့သို့ခပ်ဖွဖွလေးဆုပ်ကိုင်ပေး၊ထိတွေ့ပေးရုံနှင့် ရရှိနိုင်မည်ဖြစ်ပါသည်။
Notificationသံကြောင့် တခြားလူများကိုအနှောင့်အယှက်မဖြစ်စေပဲ နှစ်ယောက်တည်းသာသိနိုင် မည်ဖြစ်ပြီး သတိရသည့်အချိန်တိုင်းတွင်လည်း စမတ်လက်ကောက်လေးကို ဆုပ်ကိုင်ပေးလိုက်ရုံနှင့်
“မင်းအနားမှာ ငါအမြဲတမ်းရှိတယ်”ဟုဆိုသည့် message ကိုလည်းပေးပို့ပြီးသားဖြစ်မည်ဖြစ်သည်။
စုံတွဲသုံးရန်အစုံလိုက်ဝယ်ယူရမည်ဖြစ်ပြီး Bluetooth နှင့်ဆက်သွယ်၍ စမတ်ဖုန်းထဲတွင်ရှိသော Hey Appနှင့်ချိတ်ရမည်ဖြစ်ပြီး ထိုApp မှတဆင့်လွှဲပြောင်းပေးမည်ဖြစ်သည်။
လက်ရှိတွင် အနက်နှင့် rose gold အရောင်နှစ်မျိုးရရှိနိုင်မည်ဖြစ်ပြီး အနီ၊ အစိမ်း၊ အပြာတို့ကိုလည်းဆက်ထုတ်သွားမည့်အစီအစဉ်ရှိပါသည်။
တစ်စုံဝယ်ယူရုံနှင့် လက်ကောက်နှစ်ခုလုံးအတွက်အားသွင်းကြိုးတစ်ခုစီတစ်ခါတည်းပါမည်ဖြစ်သည်။
အထိအတွေ့ကိုတဖက်လူဆီပို့တော့မည်ဆိုပါက လက်ကောက်တွင်ပါသည့်နေရာနှစ်ခုကိုဖိလိုက်ရမည်ဖြစ်ပြီး အားသွင်းထား၍ အားသွင်းကြာချိန်မှမိနစ် ၃၀ ဖြစ်ပါသည်။
တစ်ခါအားသွင်းပြီးပါက (၃) ပတ်အထားခံမည်ဖြစ်ပြီး ရေစိုခံစနစ်ပါရှိသောကြောင့် မတော်တဆရေစိုပါက ပျက်မည်ကိုစိတ်ပူစရာမလိုကြောင်းသိရသည်။
အထိအတွေ့နှင့်ဆိုင်သည့် (haptic technology)ကိုသုံးထားသောကြောင့် real- time နှင့်အထိအတွေ့ (tactile feedback)ကို ပေးစွမ်းနိုင်ပါသည်။
Source:shwemon website
