ဦးလေးဖြစ်သူက (၁၁) လအရွယ် ကလေးကို အနိုင်ကျင့်
၁၁ လအရွယ်ကလေးငယ်ဟာ ယခုအချိန်မှာတော့ သေမင်းနှင့် စစ်ခင်းနေရရှာပါတယ်။ ငယ်ရွယ်လှတဲ့ အရွယ်ဘာဆိုဘာမှ မသိသေးတဲ့ အရွယ်ကို ယခုလိုမျိုး ပြုလုပ်တယ်ဆိုတာ တကယ့် ကို လူမဆန်တဲ့ လုပ်ရပ်ပါပဲ။ ဖြစ်စဉ်ကတော့ မီးတွင်းမှ ထွက်လာတာမကြာသေးတဲ့ မိခင်ဟာ သူ့ရဲ့ မတ်ကို ယုံကြည်စိတ်ချစွာ နှင့် သူ့သမီးကို အပ်ကာ မုန့်ဝယ်ဖို့ထွက်သွားခဲ့ပါတယ်။
ထိုကဲ့သို့ပြုလုပ်ချင်းဟာ သူမအတွက်ရော ကလေးငယ် အတွက်ပါ အမှားကြီးမှားခဲ့တာပါဘဲ။ လူမဆန်တဲ့ ဦးလေးကတော့ လူ့လောကကို ရောက်တာ တစ်နှစ်တောင်မပြည့် သေးတဲ့ ကလေးငယ်ရဲ့ အင်္ဂါကို လက်နှင့် မတော် တရော်ပြုလုပ်ခဲ့တာပါ။ ထိုကဲ့သို့ ပြုလုပ်နေတာ ကို အိမ်နီးချင်းတွေ တွေ့သွားပြီးရဲကို ချက်ချင်း အကြောင်းကြားနိုင်ခဲ့လို့သာ ကလေးငယ်ဟာ အသက်ရှင်ကျန်ခဲ့တာပါ။
ယခုလောလောဆယ်မှာတော့ ကလေးငယ်ကို ဆေးရုံပို့ထားရပြီး အသက်အန္တာရာယ် စိုးရိမ်ရတယ်လို့သိရပါတယ်။ လူမဆန်တဲ့ ဦးလေးကိုတော့ ရဲကဖမ်းသွားပါပြီ။
Source : Omovibes
Credit : မြန်မာလုပ်