adsterra

ရှစ်တန်းကျောင်းသူကို အရွယ်မရောက်သေးသူ နှစ်ဦးက ခိုးယူပေါင်းသင်းမှု ခရိုင်တရားရုံးကို တရားစွဲတင်ပို့

အသက် ၁၃ နှစ်အရွယ် ရှစ်တန်းကျောင်းသူကို ခိုးယူပေါင်းသင်းမှုနဲ့ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦးကို အရှေ့ ပိုင်းခရိုင်တရားရုံးနဲ့ ကလေးသူငယ် တရားရုံးကို တရားစွဲဆို တင်ပို့ခဲ့ပါတယ်။
ဖြစ်စဉ်မှာ ယခုအမှုက တရား လို ဦး …  က သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မ …..  နဲ့အတူ ရန် ကင်းမြို့နယ်နေထိုင်သူဟာ ၂၀၁၇ ခုနှစ်၊ ဧပြီ ၃ ရက်နေ့ နံနက် ၉းဝ၀ နာရီအချိန် နေအိမ်က ပျောက်သွားတာကြောင့် ရန်ကင်းမြို့မ ရဲစခန်းမှာ လူပျောက်တိုင်ခဲ့တာ ဖြစ်ပါတယ်။
သက်ဆိုင်ရာရဲတပ်ဖွဲ့ လိုက်လံရှာဖွေရာ အဲသည်နေ့ ညနေ ၄းဝ၀ နာရီမှာ သမီးဖြစ်သူကို ရန်ကင်းမြို့နယ် စာတိုက်မှတ်တိုင်မှာ အသက် ၁၇  နှစ်အရွယ် ကံထူးလွင်၊ ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက် နေသူနဲ့ အတူ တွေ့ရှိပါတယ်။
သမီးဖြစ်သူကို မိသားစုတွေက မေးမြန်းရာ သမီးဖြစ်သူက သူနဲ့ ရည်းစားဖြစ်ခဲ့ပြီး ချစ်ကြိုက်ခဲ့သူ ကံထူးလွင် (၁၇ နှစ်) နဲ့ ဇာနည်ထွဏ်း (၁၆ နှစ်) တို့နဲ့ အတူ သားမယားအဖြစ် အတူနေထိုင် ခဲ့ကြောင်း ပြောပြသိရှိရ သဖြင့် သက်ဆိုင်ရာကို အရေးယူပေးရန် တိုင်တန်းခဲ့တာ  ဖြစ်ပါ တယ်။
ရန်ကင်းမြို့မရဲစခန်းက (ပ) ၁၂၈ / ၂၀၁၇ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/ ၃၆၃ နဲ့ အမှုဖွင့်စစ်ဆေးခဲ့ပြီး ဇာနည်ထွဏ်းကို ကလေးသူငယ် တရားရုံးကို တရားစွဲဆိုတင်ပို့ထားပြီး ကံထူးလွင် (၁၇ နှစ်) ကိုတော့ အရှေ့ပိုင်းခရိုင်တ ရားရုံးကို တရားစွဲဆိုတင်ပို့တာ ဖြစ်ပါတယ်။
Author လူမွန်
kumudranews

adsterra

Powered by Blogger.