adsterra

ကျည်ကာအင်္ကျီဝတ်ပြီး လူဆိုးဖမ်းတော့မယ့် ထားဝယ်မြို့က ရဲတပ်ဖွဲ့ဝင်တွေ ========================================

ကျည်ကာအင်္ကျီဝတ်ပြီး လူဆိုးဖမ်းတော့မယ့် ထားဝယ်မြို့က ရဲတပ်ဖွဲ့ဝင်တွေ
===================================================

အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ တရားခံတွေကို ကျည်ကာအင်္ကျီဝတ်ပြီးဖမ်းဆီးသွားမှာပါ။

ထားဝယ်မြို့နယ်ထဲက အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ တရားခံတွေကို ကျည်ကာအင်္ကျီဝတ်ပြီး ဖမ်းဆီးသွားတော့မယ်လို့ ထားဝယ်မြို့မ ရဲစခန်းကနေ သိရပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေက  သေနတ်နဲ့ ဓားတွေကိုင်ဆောင် အသုံးပြုတာတွေများလို့ ဦးဆောင်ဝင်ဖမ်းမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ကျည်ကာအင်္ကျီဝတ်ပြီးမှဝင် ဖမ်းစေမှာ ဖြစ်တယ်လို့ ထားဝယ်မြို့မ ရဲစခန်းစခန်းမှူးက ပြောပါတယ်။
“(ခိုးမှုလိုမျိုး) ရိုးရိုးတရားခံဖမ်းရာမှာတော့မသုံးပါဘူး”လို့ ထားဝယ်စခန်းမှူးက ပြောပါတယ်။ ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့နဲ့ ထားဝယ်မြို့မရဲစခန်းမှာ အသုံးပြုဖို့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကျည်ကာအင်္ကျီ ခြောက်ထည်ကိုတိုင်းရဲတပ်ဖွဲ့က ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

“သွားဖမ်းတဲ့အချိန် ရဲကခံလာရတယ်ဆိုတာမဖြစ်အောင် လူဆိုးဖမ်းတဲ့ရဲတိုင်းကိုဝတ်ခိုင်းသင့်တယ်”လို့ ထားဝယ်မြို့ခံ ကိုဟိန်းအာကာက The Voice သတင်းဌာနကို ပြောခဲ့ပါတယ်။
ကျည်ကာအင်္ကျီတွေကို ခရိုင်တစ်ခုကို ၁၀ ထည်နှုန်းနဲ့ ဖြန့်ဝေသွားမှာဖြစ်ပြီး အဓိကစီးနင်းရှာဖွေမယ့် နယ်ထိန်းနဲ့ ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေကို ဝတ်ဆင်စေမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့  ၂၀၁၆ ခုနှစ်မေလက မူးယစ်တရားခံပြေးဖြစ်သူ သီဟနိုင်(ခ) ညီငယ်အား ထားဝယ်မြို့တွင်ဝင်ရောက်ဖမ်းဆီးစဉ်ရဲတပ်သား ထွန်းယိန်းကို ညီငယ်က သေနတ်ဖြင့်ပစ်ခတ်လို့ ရဲတပ်သား သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ဘူးပါတယ်။

Source : The Voice
#Duwun

adsterra

Powered by Blogger.